အဖေကို ပုန်ကန်ပြီး အိမ်က ထွက်ပြေးလာတဲ့ ကင်မီ (Kimmy) : Kimmy Hero Complete Guide

               ကျွန်တော်တို့ Rampage Game World အနေနဲ့ ပထမဆုံး Guide လုပ်ပေးမဲ့ Hero ကတော့ အသစ်ထွက်ရှိတာမကြာသေးတဲ့ Marksman(အပစ်ကောင်) အမျိုးအစား Kimmy(ကင်မီ) ပဲဖြစ်ပါတယ်...
     Background Story -" ကင်မီ " ပာာ ကောင်မလေးဖြစ်ပြီးတော့ စစ်တပ် အသိုင်းအ၀ိုင်းက လာတာပါ...ကင်မီရဲ့အဖေက လည်း စစ်တပ်ရဲ့ လူသိများတဲ့ စည်းကမ်းကြီးတဲ့တပ်ချုပ်ကြီးလည်းဖြစ်ပါတယ်။ ဒါကြောင့် " ကင်မီ " ပာာ ယောကျာင်္းလျာတစ်ဦးအသွင်အပြင်မျိုးရှိနေပါတော့တယ်...ငယ်ငယ်ထဲက Chemical energies တွေကို လေ့လာရတာကြိုက်ပြီး အမြဲတမ်းလည်း သူမတူအောင် ထူးချွန်နေ ပါတယ် ...ဒါပေမဲ့ စစ်တပ်နဲ့ ကင်းဝေးပြီး  မိန်းမဆန်ဆန်နေစေချင်တဲ့ သူမရဲ့အဖေကြောင့် " ကင်မီ " ပာာသူရဲ့ Chemical energies research တွေကို အသုံးပြုနိုင်မယ့် Land of Dawn ကိုထွက်လာခဲ့ပါတော့တယ် ....
      Hero Remark - ကင်မီ ရဲ့ Hero အမျိုးအစားကတော့ တခြား Hero တွေနဲ့ မတူညီတဲ့ Control ပုံစံရှိပါတယ်....Mage နဲ့ Marksman ရောထားတဲ့ ပုံစံဖြစ်တဲ့ အပြင် သူ့ အားသာချက် တစ်ခု က  လမ်းလျှောက်ရင်းနဲ့ ပစ်လို့ရတာပဲဖြစ်ပါတယ်.....
     အသုံးပြုတဲ့ သူက ဘယ်လက်နဲ့ လမ်းလျောက်ပြီး ညာလက် နဲ့ Skill အသုံးပြုမှုကို ထိန်းချုပ်ရ မှာဖြစ်ပါတယ် ... အရမ်းခက်ခဲတဲ့အထဲတော့မပါပါဘူး ... ငါးပွဲလောက်အစမ်းဆော့ပြီးရင်အသား ကျသွားပါလိမ့်မယ်။
   Hero Skill ယူနည်း- ကင်မီကို ပထမ Skill ယူတာပိုကောင်းတယ်ဗျ .... ဒုတိယ Skill ထက်ပို လည်းဝေးတယ် သူကိုယ်တိုင်က လည်း လမ်းလျှောက်ရင်းပစ်တဲ့ကောင်ဆိုတော့ ...ပထမ Skill ကိုပဲ အဓိကထားယူလိုက်ရင်အဆင်ပြေပါတယ်...ကျန်တာကို တော့ အောက်မှာ ဆက်ရှင်းပြပေး ထားပါတယ်..။
     Hero Passive Skill - Passive Skill အကြောင်းစပြောရအောင် ကင်မီ က Chemical ပိုင်းဆရာကျတဲ့အတွက် လမ်းလျေက်ရင်နဲ့ အခြားနေရာတွေကို ချိန်ပြီး ပစ်ခတ်လို့ရပါတယ်..ဒါပေမဲ့ Machine Gun ပစ်ခတ်သလိုပဲ တရစပ်ပစ်ရပေမဲ့ တိကျမှု နည်းတဲ့ အတွက် Machine Gun ပစ်ခတ်သလိုပဲဖြစ်နေမှာပါ...။

           Hero First Skill - အနီးအနားကရန်သူနေတွေကို Chemical balls တွေနဲ့ တစ်လုံးကို  15 (+60% Total Physical Attack)(+60% Total Magic Power)  ပစ်ခတ်ပြီး Magic Damage အနေနဲ့သက်ရောက်မှာ ဖြစ်ပါတယ်...ပစ်ခတ်တဲ့ အကွာအဝေးအဆုံးထိ ပစ်သမျှထိမှာဖြစ်ပြီး .. ပစ်မှတ်ကို မထိပဲ စင်ထွက်ရင်လည်း ပူးကပ်နေမဲ့နောက်ထပ်ပစ်မှတ်ကို စင်ထွက်ပြီးထိမှာပဲဖြစ်ပါတယ်...။

           Hero Second Skill - အနီးအနားက ရန်သူတွေကို Chemical အရည်တွေနဲ့ ၀.၅ စက္ကန့်တိုင်းကို  14(+50% Total Physical Attack)(+50% Total Magic Power)  ထိမှာဖြစ်ပါတယ်...Magic Damage အနေနဲ့သက်ရောက်မှာ ဖြစ်ပြီး ရန်သူကို 60% နှေးကွေးစေမှာဖြစ်ပါတယ်.....။
     Hero Ultimate Skill -  Chanel လုပ်ရတဲ့ စောင့်ပြီး မှ အသုံးပြုလို့ရတဲ့ Skill အမျိုးအစားဖြစ်ပါတယ်...ရန်သူကို 238(+180% Total Physical Attack)(+210% Total Magic Power)
Magic Damage သက်ရောက်မှာဖြစ်ပြီး အနီးအနားမှာ ရန်သူတွေ စုနေမယ်ဆိုရင်တော့ အနီးအနားသူတွေကို 198(+150% Total Physical Attack)(+170% Total Magic Power) Magic Damage သက်ရောက်မှာဖြစ်ပါတယ်...။


    Emblem & Equipment- Magic နဲ့ Marksman emblem ကို အပေါ်ပုံအတိုင်း အသုံးပြုရမှာဖြစ်ပါတယ်...Equipmentကိုတော့အကောင်းဆုံးရှာပေးထားပေမယ့် ကိုယ်တကယ် စမ်းဆော့ ကြည့်ပြီးတော့မှနည်းနည်းပြင်ဆင်ပြီးဆော့စေချင်ပါတယ်..တိုက်ရိုက်ကြီးဆော့ရမယ်လို့သတ်မှတ်မထားပါဘူး.....။
    Battle Spell- Battle Spell အနေ့ နဲ့ Blink ခုန်တာ နဲ့ သွေးအပိုကာပေးတာနှစ်ခု သုံးတာပိုသင့်တော်ပါတယ်..အက်မင်ကတော့ Blink ပဲ ကြိုက်တယ်...။
      နောက်ဆုံးမှာတော့ ကင်မီအကြောင်းဖတ်ရင်းနဲ့ နည်းနည်းသိလောက်ပြီဆိုတော့.. Skill အသုံးပြုပုံလေးပါ အပိုထပ်ဆောင်း Guide လုပ်ပေးချင်ပါတယ်...။
      Skill Combo -  ပထမ Skill က ဒုတိယ Skill ထက် ပို ဝေးဝေးပစ်နိုင်တာကြောင့် ပထမ Skill နဲ့ အရင်ပစ်ပါ...ပြီးမှ ဒုတိယ Skill နဲ့ အနီးအနားလောက်မှာ ပစ်နိုင်ပါတယ် ...။ Ultimate ကိုတော့ အဆင်ပြေသလို သွေးလျှော့အောင် ပစ်တာ တွေ Kill Shot ပစ်တာတွေ လည်း လုပ်နိုင်ပါတယ်...။ ပထမ Skill ကို များများယူထားတာကအကောင်းဆုံးဖြစ်မှာပါ....။

     နောက်များမှာလည်း Mobile Legend ထဲ က Hero တွေကို အခုလို Complete Guide လေးလုပ်ပေးအုန်းမှာဆိုတော့ ဘော်ဒါတွေ Like & Share လေးလုပ်ပေးကြပါအုန်းလို့ အက်မင်က တောင်းဆိုလိုက်ပါတယ်....။


Comments