ရေလည်ကြမ်းတဲ့ ဘဲကြီး ဓါးသမား လန်ဆလော့ : Lancelot Hero Complete Guide


           ကျွန်တော်တို့ Rampage Game World အနေနဲ့ ထပ်မံ Guide လုပ်ပေးမဲ့ Hero ကတော့ ရေလည်ကြမ်းတဲ့ဘဲကြီး လုပ်ကြံသတ်ဖြတ်သူ အမျိုးအစား (Assassin) ဓါးပညာရှင် လန်ဆလော့ Lancelot ပဲဖြစ်ပါတယ်..။
       Background Story - လန်ဆလော့ က Land of Dawn မှာနေတဲ့ Baroque မိသားစုက ပေါက်ဖွားလာတာပါ.. Land of Dawn မှာ တောင်ပိုင်းက မှော်တိုင်းပြည်နဲ့ စစ်ဖြစ်တဲ့အခါ လန်ဆလော့က တစ်ဦးတည်း ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်…။တိုက်ပွဲအနည်း ငယ်နိုင် ပြီးနောက်ပိုင်းသတိတချက် အလွတ်မှာ ဒဏ်ရာတွေနဲ့ ရှုံးနိမ့်ခဲ့ပါတော့တယ်…။ အဲ့မှာပဲ မင်းသမီးလေး အိုဒက် (Odette) နဲ့ ထွက်ပြေးရင်းဆုံတွေ့ခဲ့ပါတော့တယ်…။ မင်းသမီးလေးက ဆေးကုပေးရင်း သူမနေထိုင်တဲ့ နန်းတော်မှာ ပဲနေထိုင်စေခဲ့ပါတယ်…။ ဒဏ်ရာတွေ ပြန်မကောင်းလာခင်မှာပဲ လန်ဆလော့က သူဓါးသိုင်းနဲ့ ပေါင်းစပ်ဖို့ လိုအပ်တဲ့ မှော်ပညာတွေကို လေ့လာဆည်းပူးရင်း မင်းသမီးလေးအိုဒက်နဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်..။ ပြောသာပြောရတယ် အက်မင် က လန်ဆလော့ကို အခြောက် သိုင်းကျင့်ထားတယ် ထင်တာ. .အိုဒက်လေး ပုလင်းကွဲရှတာပေါ့။ နာမည်ပြောင်ကို လည်းကြည့်အုန်း Perfumed Knight ဆိုပဲ...။ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူ့မိသားစုကို မှော်တိုင်းပြည်ရဲ့ရန်ကနေကာကွယ်ဖို့ Land of Dawn ကိုပြန်ထွက်လာခဲ့ ပါတော့တယ်….။
       Hero Remark – လန်ဆလော့ က လုပ်ကြံသတ်ဖြတ်သူအမျိုးအစားပါ ..။ဒါကြောင့် သူ့က ရန်သူကို ခပ်မြန်မြန်လေး သတ်ပေးနိုင်ဖို့လို့ပါတယ်...။တောက်လျှောက်ယှဉ်ချလို့ ရတဲ့ ဖိုက်တာတွေလိုမပာုတ်ဘူး ဆိုတာသိထားဖို့လိုပါတယ်...။ Combo Skill တွေ သုံးပေးရင် ရေလည်ကြမ်းတဲ့  သူ့ကို ဘယ်လို ကိုင်တွယ်ကြမလဲ ဆိုတာအောက်မှာဆက်ဖတ်ကြည့်ပေးပါအုန်းး….။

     Hero Skill ယူနည်း - ဒုတိယ Skill က အဓိက ယူရမှာပါ ...။ ဒါပေမဲ့ Combo သုံးရင်တော့ လိုသလိုသုံးရပါလိမ့်မယ်..။အက်မင်သေချာလေးရှင်းပြပေးထားလို့ အောက်မှာ ဆက်ဖတ်ပေးကြအုန်း...။
     Hero Passive Skill – 10 စက္ကန့်တိုင်းမှာ ရန်သူကို တိုက်ခိုက်ချိန်တိုင်း သံချပ်ကာကိုဖောက်ထွင်းတိုက်ခိုက်မှာဖြစ်ပါတယ်…။ ရန်သူကို ယှဉ်ချရင် အားချက်တစ်ခုလိုမျိုး သံချပ်ကာကို ဖောက်ထွင်းတိုက်ခိုက်တာမျိုးဆိုတော့ အမာကောင်တွေလည်း ယှဉ်ချဖို့ခက်တဲ့ Passive Skill ကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်..။ Skill အဆင်သင့်ဖြစ်ပြီဆို အောက်က ပုံပါအတိုင်း ဓါးမှာ လင်းနေမှာ ပဲဖြစ်ပါတယ် .. ပြီးရင်တော့ ရန်သူကိုတစ်ချက်ခုတ်လိုက်ရုံပါပဲ ..။

     Hero First Skill - ကိုယ်ချိန်တဲ့ နေရာကို 100/130/160/190/220/250 Physical Damage ထိအောင်ခုတ်ချလိုက်တာဖြစ်ပါတယ်..။ ဓါးနဲ့ခုတ်သလို ခုတ်ပြီးနောက်မှာ ကိုယ်တိုင်လည်း အဲ့နေရာ ကို Blink လိုမျိုးရွေ့သွားပါတယ်…။ ဒီနေရာမှာ အရေးကြီးတာက ရန်သူကို ဒီ Skill စစသုံးချင်းထိအောင် အသုံးပြုရပါမယ် ..။ ရန်သူကို ထိပြီဆိုတာနဲ့ နောက်ထပ်နှစ်ခါ ဒီ Skill ကို အသုံးပြုနိုင်မှာဆိုတာ့ ကျန် Skill တွေနဲ့ သုံးလိုက်ရင် ပြေးမလွတ်ဘူးပေါ့ဗျာ…။
      Hero First Skill Combo -  ဒီမှာ အပိုရှင်းပြစရာရှိတာက ပထမ Skill ကို Passive Skill နဲ့ တွဲသုံးနည်းပါ..။ပထမ Skill နဲ့ ရန်သူကို Damage ပေးပြီး တစ်ချက်ချရပါတယ် ..အဒါဆိုရင် သူ့ Passive Skill ပေါ်လာမှာပါ ..။ Passive Skill ပေါ်လာပြီဆိုရင် ရန်သူက ပိုပြီးအထိနာပါတယ် .. ပထမ Skill လည်းထိထားတယ်ဆိုရင် ပုံမှန် Mage တွေ Marksman တွေ လုံးဝမလွယ်ပါဘူး..။ပြီးတော့ အောက် ကပုံလေးလိုပဲ ထွက်ပြေးရင်ပဲဖြစ်ဖြစ် လိုက်သတ်တာပဲဖြစ်ဖြစ် နံရံတွေ ဖြတ်ကျော်လို့ရသေးတယ်နော်...။


        Hero Second Skill - လန်ဆလော့ ကိုင် ရင် အဓိကထားယူရမယ့် Skill..။ ရန်သူတွေကို အာရုံစားမယ် Skill ..။ လိုက်သတ်ခံနေရရင်းနဲ့ ပြန်ခံသတ်ပစ်လိုက်လို့ ရမယ့် Skill …ကတော့ သုံးလိုက်ရင် တြိဂံပုံ 250/290/330/370/410/450 Physical Damage ထိအောင် ပတ်ခုတ်ပစ်မှာဖြစ်ပြီး ရန်သူကို ၁ စက္ကန့်လောက်နှေးသွားစေမှာပါ…။ လိုရာကို ဆွဲပြီးသုံးလို့ရတဲ့ Skill မျိုးဆိုတော့ သေချာသုံးမယ်ဆိုရင် ရန်သူတွေ ရူးသွပ်ချင်သွားပါလိမ့်မယ်…။ အက်မင် အမြင်ကပ်ဆုံး Skill ပဲဖြစ်ပါတယ် … အမူးတွေ Spell တွေ သုံးချိန် မှာ ဒီ Skill သုံးပြီး ရှောင်လို့ရတာဆိုတော့  မျက်စိလျင်ပြီး လက်မြန်ရင် ..ဘယ် Mage မှ ကြောက်စရာမလိုပါဘူး…။
        မှတ်ချက် …။ အပေါ်ပုံအတိုင်း ရန်သူတွေ ကို ဓါးချက်ထိစေမှာ ြ့ဖစ်တော့ ရန်သူကို အလယ် တည့်တည့် နေရာကနေ Damage ထိစေတာ က အကောင်းဆုံးဖြစ်ပါတယ်…။
         Hero Ultimate Skill -  ပစ်မှတ်ထားလို့ရပြီးတော့  400/600/800 points Physical Damage ရန်သူကို ထိမှာဖြစ်ပါတယ် …။ ဒီ Skill သုံးရင်နေရာရွေ့သေးတယ်ဆိုတော့ ပာိုခုန်ဒီခုန် တောက်လျှောက်ချဖို့ အခွင့် အရေးကောင်းကောင်းရစေပါတယ်..။ထွက်ပြေးတဲ့နေရာမှာလည်း ပိုမိုလွယ်ကူစေပါတယ်….။

      မှတ်ချက် ..။  ။ ဒီ Skill ကို Secod Skill သုံးချိန်မှာ အပေါ်ပုံအတိုင်းအသုံးပြုလို့ ရတယ်ဆိုတော့ သွေးနည်းနည်းနဲ့ ထွက်ပြေးရမယ်ဆိုရင် အသုံးဝင်ပါတယ်…။ဒါမှမပာုတ် ရန်သူကို အချိန်တို အတွင်း Instantသတ်ချင်ရင်သုံးလည်းရပါတယ်..။           Emblem & Equipment – Fighter  Emblem ဒါမှမပာုတ်  Assassin Emblem နဲ့ဆော့လေ့ရှိပါတယ်..။အက်မင်ကတော့ Fighter Emblemကိုပဲ Guide ပေးပါရစေ..။ Equipment အတွက်ကတော့ အက်မင်ပြောနေကျ စကားပဲပြောပါရစေ ... အဆင်ပြေတာ ကို စမ်းဆော့ကြည့်ပြီး အကောင်းဆုံး Item နဲ့ပဲ အမြဲဆော့ကြည့်ကြပါ..။

         Battle Spell- Battle Spell အနေ့ နဲ့ Retribution က သင့်တော်ပါတယ်..။ လန်ဆလော့ကို Item မြန်မြန်ရအောင်စပ်တော့ ပိုကြမ်းတာပေါ့ … ဒါပေမဲ့ Jungle Item လုံးဝမထည့်ပါနဲ့ ….။နောက်ကျရင် အက်မင် Jungle အကြောင်းလေးရှင်းပြပါအုန်းမယ်..။

          နောက်ဆုံးမှာတော့ လန်ဆလော့ အကြောင်းဖတ်ရင်းနဲ့ နည်းနည်း သိလောက်ပြီဆိုတော့.. Skill အသုံးပြုပုံလေးပါ အပိုထပ်ဆောင်း Guide လုပ်ပေးချင်ပါတယ်...။
      Skill Combo (၁) - ရန်သူကို ပထမ Skill နဲ့ အရင် ထိအောင် ချပါ...။ပြီးတာနဲ့ ရိုးရိုးခုတ်ချက်တစ်ချက်ချလိုက်ပါ..။ ရန်သူရဲ့ ခုခံနိုင်အားလျော့သွားချိန်မှာ နောက်တစ်ခါ ပထမ Skill ကိုသုံးလိုက်ပါ..။ပြီးတာနဲ့ ဒုတိယ Skill နဲ့ ပိုအထိနာအောင်ချလိုက်ရင် ရန်သူနှေးနေ ပါလိမ့်မယ်..။အဲ့အချိန်လေးမှာ ပဲ ရန်သူအနေအထားကို ကြည့်ပြီး ဒုတိယ Skill အသုံးပြုနေချိန်မှာ Ultimate Skill  နဲ့ တခါတည်း အပြတ်ဖြတ်လို့ရပါတယ်..။ ဒီ Combo တွေက သေချာဖတ်ထားပြီး ပွဲထဲမှာ အစဉ်လိုက်စမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ် .. အဒါမှ ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်မှာပါ...။
     Skill Combo (၂) - ဒီနည်း က တော့ ချုံခိုတိုက်ခိုက်တဲ့နည်းပါ...။ ရန်သူကို ချုံထဲကနေ အသင့်စောင့်နေပြီးတော့ ဒုတိယ Skill နဲ့ နှေးအောင်အရင်ချလိုက်ပါ ..။အဲ့ချတဲ့နေရာမှာ အက်မင် ဒုတိယ Skill ကို ရှင်းပြတုန်းက လိုမျိုးရန်သူကို အလည်တည့်တည့်နေရာလောက် ရောက်မဲ့ အချိန်နဲ့ မှန်းပြီး သုံးဖို့လိုအပ်ပါတယ်..။ပြီးတာနဲ့ ပထမ Skill နဲ့ တစ်ချက် ထိအောင်လုပ်ပြီး အက်မင် ရှင်းပြထားတဲ့ ပထမ Skill နဲ့ Passive Skill Combo ကို တွဲသုံးပြီး လိုက်ချရမှာပါ ..ရန်သူမသေသေးဘူး Blink ခုန်ထွက်ပြေးသေးတယ်ဆိုရင် Ultimate နဲ့ လိုက်သတ်လိုက်ရုံပါပဲ ..။

 
    နောက်များမှာလည်း Mobile Legend ထဲ က Hero တွေကို အခုလို Complete Guide လေးလုပ်ပေးအုန်းမှာဆိုတော့ ဘော်ဒါတွေ Like & Share လေးလုပ်ပေးကြပါအုန်းလို့ အက်မင်က တောင်းဆိုလိုက်ပါတယ်....။




v

Comments