ကျွန်တော်တို့ Rampage Game World အနေနဲ့ ထပ်မံ Guide လုပ်ပေးမဲ့ Hero ကတော့ ဖိုက်တာ
အမျိုးအစား (Fighter ) “Ashura” ဆိုပြီး နတ်ဘုရားဂုဏ်ပုဒ်ရထားတဲ့ မားတစ်
”Martis”အကြောင်းပဲဖြစ်ပါတယ်…။
Background Story - Shura
Clan ဆိုတဲ့ ဂိုဏ်းက ယောင်္ကျားတိုင်းကကမ္ဘာပေါ်မှာ အကြမ်းဆုံးအရမ်းဆုံး ဖိုက်တာတွေ
ဖြစ်ပြီးတော့ မိန်းကလေးတိုင်းကတော့ ခေသူမပာုတ် လှပကြတဲ့
မိန်းမလှလေးတွေအဖြစ်အမြဲပေါ်ထွက်တတ်ပါတယ်..Shura Clan ကလူတွေ Three Thousand World
ဆိုတဲ့ တခြားတစ်ဖက်ခြမ်းကမ္ဘာကို သွားနိုင်တဲ့ နည်းကို သိရှိကြပါတယ်..တခြားကမ္ဘာတစ်ဖက်ခြမ်းကို
ဖြတ်ကျော်နိုင်တဲ့ သူ က Demi God ဘုရားနည်းပါး ပါဝါကြမ်းတဲ့ “Ashura” ဆိုတဲ့
ဂုဏ်ပုဒ်ကို ရရှိမှာဖြစ်ပါတယ် …. ဒါပေမဲ့ Shura Clan ကဘယ်သူမှ
တခြားကမ္ဘာတစ်ဖက်ခြမ်းကနေ ပြန်လာနို်င်ခဲ့ခြင်းမရှိပါဘူး… “Martis” ဆိုတဲ့
ဖိုက်တာလေး မွေးဖွားကြီးပြင်းလာခဲ့ချိန်မှာတော့ …..ကမ္ဘာတစ်ဖက်ခြမ်းကနေ “Ashura”
Demi God ပါဝါတွေ ရရှိခဲ့ပါတော့တယ်…။
Emblem & Equipment – Fighter Emblem ဒါမှမပာုတ် Assassin Emblem နဲ့ဆော့လေ့ရှိပါတယ်..။အက်မင်ကတော့
Fighter Emblemကိုပဲ Guide ပေးပါရစေ..။ Equipment အတွက်ကတော့ အက်မင်ပြောနေကျ
စကားပဲပြောပါရစေ ... အဆင်ပြေတာ ကို စမ်းဆော့ကြည့်ပြီး အကောင်းဆုံး Item နဲ့ပဲ
အမြဲဆော့ကြည့်ကြပါ..။

Hero Remark – မားတစ် “Martis”
ကတော့ ဖိုက်တာအကြမ်းစားကြီးဖြစ်ပြီး ပွဲတော်တော်များများမှာ ထိန်းရသိမ်းရခက်တဲ့
ဖိုက်တာကြီးလည်းဖြစ်ပါတယ်..။ဖိုက်တာ ဆိုပေမဲ့ အ၀င်အထွက်လေးတွေ တော့
ဂရုစိုက်ရမှာဖြစ်ပြီး သူ့ကို ဘယ်လိုကိုင်တွယ်ကြမလဲ
ဆိုတာအောက်မှာဆက်ဖတ်ကြည့်ပေးပါအုန်းး….။
Hero Skill ယူနည်း - ပထမ
Skill က ရန်သူကို အထိနာစေတယ်ဆိုတော့ အဒါကို အဓိကထား ယူပေး တာအကောင်းဆုံးပဲဗျ ....
။ ရန်သူကို ဆွဲစုမယ် ပြီးရင် ဒုတိယ Skill နဲ့ ဓါးနဲ့ ပတ်ခုတ် … သေခါနီးကောင်တွေကို
Ultimate နဲ့ ချိန်စား Savage ရ… အယ်လယ့်…..။
Hero Passive
Skill – Skill တစ်ခါသုံးတိုင်း
တိုက်ခိုက်နှုန်း 15 % တိုးမှာဖြစ်ပြီး အမြင့်ဆုံး 60 % အထိ တက်မှာပဲ ဖြစ်ပါတယ်…။
ကြာချိန် အနေနဲ့ ကတော့ ၄ စက္ကန့်ပဲရှိမှာဖြစ်ပါတယ် …။ ဒါပေမဲ့ Skill တွေ
အကုန်တွဲသုံးမယ်ဆိုရင် တကယ့် အကြမ်းပတမ်းကောင်ကြီးပါပဲ…။
Hero First Skill -
မြေကြီးပေါ်မှာ အချွန်တွေ ဘယ်တစ်ဖက် ညာတစ်ဖက် တစ်ယောက်မကတဲ့ ရန်သူတွေ ကို အလယ်မှာ ဆွဲစု
နိုင်ပါတယ်…။ 340/380/420/460/500/540 points
ရှိတဲ့ Physical Damage ထိမှာဖြစ်ပြီး ထိတဲ့ သူတွေကို 70% လောက် ၂စက္ကန့်အကြာ
နှေးကွေးသွားစေမှာဖြစ်ပါတယ်…။ ကောင်းကောင်းသုံးတတ်ရင် ကိုယ့် အသင်းသားတွေ အတွက်
တော်တော်လေး အကျိုးသက်ရောက်မှု ကြီးမားပါတယ်…။
Hero Second Skill - ဓါးနှစ်ချောင်းနဲ့ 150/160/170/180/190/200
points Physical Damage ရန်သူကို ထိအောင်
ဆက်တိုက်ခုတ်ပစ်မှာ ဖြစ်ပါတယ်..။ အတိုက်ခိုက်ခံရတဲ့ ရန်သူအတွက်က တော့
ဆက်တိုက်ထိနေမယ်ဆိုရင် ခုတ်ချက်တစ်ချက်တိုင်းကို 200/220/240/260/280/300 points Physical Damage အခုတ်ခံရတဲ့ လမ်းတစ်လျှောက် ထိသွားမှာလည်းဖြစ်ပါတယ် …။
Hero Ultimate Skill - သုံးတတ်ရင်
သုံးတတ်သလို Savage အထိ ရနိုင်မယ့် Skill ပေါ့ဗျာ….။ရန်သူကို
ပစ်မှတ်ထားလို့ရပြီးတော့ 650/750/850 points Physical Damage ရန်သူကို True Damage ထိမှာဖြစ်ပါတယ် …။
True Damage ဆိုတာကတော့ Armor တို့ Item ကြောင့်ရတဲ့ ထပ်ပေါင်းကာကွယ်မှုကိုတို့
လုံးဝ ဂရုမစိုက်ပဲ ရန်သူကို ထိစေတာဖြစ်ပါတယ်…။ သွေးနည်းနေတဲ့ ရန်သူကို ဒီ Skill
နဲ့သတ်နိုင်မယ်ဆိုရင် 100% အမြန်နှုန်း နဲ့လမ်းလျှောက်နိုင်မှာဖြစ်ပြီး ဒီ Skill
Cooldown ကို Reset ချနိုင်တာဆိုတော့ နောက်ရန်သူတစ်ယောက်ကို
ချက်ချင်းသုံးလို့ရမှာပဲဖြစ်ပါတယ်….။
Emblem & Equipment – Fighter Emblem ဒါမှမပာုတ် Assassin Emblem နဲ့ဆော့လေ့ရှိပါတယ်..။အက်မင်ကတော့
Fighter Emblemကိုပဲ Guide ပေးပါရစေ..။ Equipment အတွက်ကတော့ အက်မင်ပြောနေကျ
စကားပဲပြောပါရစေ ... အဆင်ပြေတာ ကို စမ်းဆော့ကြည့်ပြီး အကောင်းဆုံး Item နဲ့ပဲ
အမြဲဆော့ကြည့်ကြပါ..။
Battle Spell-
Battle Spell အနေ့ နဲ့ Inspire ရယ် Petrify နှစ်ခုက သင့်တော်ပါတယ်..။ အက်မင်ကတော့
အခြေအနေကြည့်ပြီး ရန်သူဘက်က အမူးကောင်တွေ ပါတာများရင် Petrify ခဲတာနဲ့ဆော့ပြီးတော့
ဒီအတိုင်ယှဉ်ချရုံပဲဆိုရင် Inspire က တိုက်ခိုက်နှုန်းတိုးစေလို့ မြန်စေပါတယ်…။
နောက်ဆုံးမှာတော့ ဖိုက်တာကြီး မားတစ်အကြောင်းဖတ်ရင်းနဲ့ နည်းနည်း
သိလောက်ပြီဆိုတော့.. Skill အသုံးပြုပုံလေးပါ အပိုထပ်ဆောင်း Guide
လုပ်ပေးချင်ပါတယ်...။
Skill Combo - ပထမ Skill နဲ့ ရန်သူကို နှေးသွားပါစေ …
ပြီးတာနဲ့ ဒုတိယ Skill နဲ့ ရန်သူကို ကိုယ်တိုင် အနားကပ်ပြီး ဓါးနဲ့ပတ်ခုတ် Ultimate
သုံး ပြီး သွေးနည်းတဲ့ကောင်တွေကို Kill Shot တစ်ကောင်ပြီးတစ်ကောင်လုပ်ရုံပါပဲ …။
Purify Spell နဲ့ဆော့တာဆိုရင် ကြားထဲမှာ Battle ပေါ်မူတည်ပြီး ချနိုင်ပါတယ်…။
နောက်များမှာလည်း Mobile Legend ထဲ က
Hero တွေကို အခုလို Complete Guide လေးလုပ်ပေးအုန်းမှာဆိုတော့ ဘော်ဒါတွေ Like
& Share လေးလုပ်ပေးကြပါအုန်းလို့ အက်မင်က တောင်းဆိုလိုက်ပါတယ်....။

Comments
Post a Comment