Mobile Legend ပွဲတစ်ပွဲနိုင်အောင် ကစားဖို့ သိထားသင့်တဲ့ လိုက်နာစရာလေးတွေ

               ကျွန်တော်တို့ Rampage Game World အနေနဲ့ Guide လုပ်ပေးနေတဲ့ Mobile Legends Hero တွေ ကို ခဏနားပြီး Mobile Legends ကို ဘယ်လိုကောင်းအောင် ကစားမလဲ ဆိုတာလေး ရှင်းပြပေးချင်ပါတယ်….။ သေချာလေးဖတ်မယ်ဆိုရင် ဆော့ကစားချိန်မှာ အနည်းငယ်အထောက်အကူ ပြုမယ်လို့ မျှော်လင့်ပါတယ်…။
      Aiming Method - ဒါက ရန်သူကို Target ထားလို့ရတဲ့ Setting ဖြစ်တဲ့ Advanced Aim ကအသင့်တော်ဆုံးပါပဲ …။ ဘာ Hero ပဲ ကိုင်ကိုင် ရန်သူကို သီးခြား Target ထားချလို့ရတဲ့ အတွက် Advanced Aim က တော်တော်လေး အကျိုးရှိစေပါတယ်..။ Assassin အမျိုးအစားကစားရင် အသုံးရဆုံးလည်းဖြစ်ပါတယ် ..။
   Mini Map – Screen အပေါ်ထောင့်က မြေပုံသေးသေးလေးကို ခနခန ကြည့်တဲ့ အကြည့်လုပ်ထားဖို့လိုပါတယ်..။ အကယ်၍ သင်က အလယ်လမ်းမှာ Creeps စားနေတုန်း ဘယ်ကမှန်းမသိတဲ့ရန်သူ သုံးကောင်လောက် ၀ိုင်းဒိုင်းကြဲဝင်သတ်သွား ရင် အသင်းဖော်တွေ ကို အပြစ်မတင်ပါနဲ့ Mini Map ကို သတိထားမကြည့်မိတဲ့သင့်ကို သင် အပြစ်တင်ပါ…။
Item Build - ကိုယ့်အတွက် ယုံကြည်မှု အရှိဆုံး Item ကိုပဲရွေးဆက်ဖို့ တိုက်တွန်းချင်ပါတယ်..။ အခြေအနေအရပြောင်းဆက်သင့်ရင်လည်း ပြောင်းဆက်ကြည့်ဖို့ လက်တွန့်မနေကြပါနဲ့..။
    အမြဲ Farm မနေပါနဲ့ - သင်သိပါသလား သင် Creeps တွေ မဲစားနေချိန် ကိုယ့်အသင်းသားတွေ တောက်လျောက်သေနေတယ်ဆိုရင် သင်နဲ့လည်း သက်ဆိုင်တယ်ဆိုတာ..။ များသောအားဖြင့် Marksman , Assassin, Fighter, Mage တွေ ကိုင်ပြီး Item လောက်ရှာချင်နေတဲ့ရွေမြန်မာတွေ အလုပ်အများဆုံး အမှားပါ..။ Item ထွက်တိုင်းလည်းမနိုင်ပါဘူး …။အဓိကက အသင်းဖော်တွေနဲ့ အတူတူချ တဲ့ တိုက်ပွဲတော်တော်များများ အနိုင်ရရင် ပွဲနိုင်ဖို့လည်း လွယ်ကူပါတယ်..။ ကိုယ်ကိုင်တဲ့ Hero Item လိုအပ်ချက်ကို သိဖို့ လိုပါတယ်..။
ပွဲချိန်အလိုက်ကစားပုံများ
         ပွဲ အစပိုင်းအချိန် - Ultimate မရခင် အထိ Farm နိုင်ပါတယ် ..။ ရပြီဆိုတာနဲ့ အတတ်နိုင်ဆုံး မိမိရင်ဆိုင်ရတဲ့ လမ်းက ရန်သူကို သတ်ဖို့ ကြိုးစားကြည့်ပါ ..။ Level 6 ခုလောက်ရတဲ့အထိ မသတ်နိုင်သေးဘူးဆိုရင် အခြားလမ်းပြောင်းသတ်ဖို့ ပြင်ပါ..။ အက်မင်ဆိုရင်တော့ Level 5 ခုလောက်လို လမ်းပတ်တယ်..။ လမ်းပတ်တာ က အလယ်မှ အောက်မှ အပေါ်မှရယ်လို့မပာုတ်ပါဘူး ..။ အလယ် လမ်းက ကိုယ့် အသင်းသားက ခနခန သေတတ်တယ်ဆိုရင် သူ့လမ်းကို ခန သွားပတ်ပေးတာ က တော်တော်အလုပ်ဖြစ်ပါတယ်..။
          ပွဲ အလယ်ပိုင်းချိန် -ရောက်ရင်တော့ အတတ်နိုင်ဆုံး အသင်းလိုက်ချဖို့ လမ်းကာဖို့ ကြိုးစားဖို့လိုပါတယ် ..။ ပိာုဘက်ဒီဘက် ယူထားတဲ့ Hero က ကိုယ့်ဘက်က သာချိန်နေချိန်မှာ မသိသာပေမဲ့ ကိုယ့်ဘက်က Hero Skill ကရန်သူယူထားတဲ့ Hero ထက်နိမ့်တယ်ဆိုရင် အသင်းလိုက်ပေါင်းချခြင်းက အသက်ရှုချောင်စေပါတယ်..။။ ဥပမာ ပိာုဘက် က Fanny Pro တစ်ယောက်ပါတယ်ဆိုပါစို့ …။ အဒါဆိုရင် ပွဲစတည်းက Fanny ကို ၀ိုင်းသတ်ဖို့ကြိုးစားရပါမယ် …။ မပာုတ်ရင်တော့ Fanny ကသင်တို့ ကို အသားကုန် Rape ပါလိမ့်မယ်..။
        ပွဲ နောက်ပိုင်းချိန် - ဒီအချိန်ကို ရောက်လာပြီဆိုရင် တစ်ဖက်အသင်းကို မနိုင်တော့တဲ့ အချိန်ကလွဲလို့ လမ်းခိုးချိုးလို့မရဘူးဆိုရင် သင်တစ်ယောက်တည်း မနေသင့်တော့ပါဘူး…။ ပြီးတော့ Lord သတ်ဖို့ကို လည်း တော်တော်လေးသတိထားသင့်ပါတယ် .. သင်တို့ သတ်နေတုန်း သူများက ၀င်လာရင် အခန့်မသင့်ရင် Lord လည်း ဆုံး သင်တို့ အသင်းဖော်တွေ လည်းဆုံး ဖြစ်ပြီး ရန်သူကို Cumback ဖို့ အခွင့်အရေးပေးလိုက်တာနဲ့ အတူတူပါပဲ …။အနည်းဆုံး Lord မသတ်ခင် အရေးပါတဲ့ ရန်သူ နှစ်ယောက်လောက် အသေသတ်လိုက်တာ ပို Safe ဖြစ်မှာပါ..။ Lord ထွက်လာပြီ ဆိုရင်လည်း Lord နဲ့အတူ တာဝါချိုးဖို့ကို မမေ့သင့်ပါဘူး ..။
    အဆင်ပြေတယ် ဗပာုသုတရတယ်ဆိုရင် ဘော်ဒါတွေ Like & Share လေးလုပ်ပေးကြပါအုန်းလို့ အက်မင်က တောင်းဆိုလိုက်ပါတယ်....။

Comments