အသံနဲ့နှိပ်စက်မဲ့ မိန်းမလှလေး အိုဒက် (Odette) : Odette Hero Complete Guide


               ကျွန်တော်တို့ Rampage Game World အနေနဲ့ ထပ်မံ Guide လုပ်ပေးမဲ့ Hero ကတော့ Mage (မှော်ဆရာ) အမျိုးအစား Lancelotရဲ့စော် မိန်းမလှလေး အိုဒက်(Odette) ပဲဖြစ်ပါတယ်...

       Background Story - မြူခိုးတွေဖုံးနေတဲ့ တောင်တန်းတွေကြားမှာ သွေးနီရောင်လွှမ်းနေတဲ့ မှော်ရေကန်ကြီးတစ်ကန်ရှိပါတယ်….ရေကန်ကြီးရဲ့အနီးဝန်းကျင်တိုင်းပြည်မှာ Regina ဆိုတဲ့ မိသားစုတစ်စုပာာ တော်ဝင် အင်ပါယာမျိုးနွယ်စုတစ်စုအနေနဲ့ရပ်တည်နေပါသေးတယ်…. ၁၃ ဆက်မြောက် မျိုးဆက်အနေနဲ့ မိန်းမလှလေး အိုဒက်(Odette)ကိုမွေးဖွားလာခဲ့ချိန်မှာတော့ မှော်ရေကန်ကြီးက မိန်းမလှလေး အိုဒက်အတွက် မှော်စွမ်းအားတွေ လာရောက်ရိုသေ သမှုပြုလိုက်ချိန်မှာတော့ မိန်းမလှလေး အိုဒက်ကို လူအသွင်နဲ့ နတ်ဘုရားမ တစ်ပါးဆိုပြီး နာမည်ကြီးသွားပါတော့တယ်…အရွယ်ရောက်ချိန်မှာတော့ မိန်းမလှလေး အိုဒက်ပာာ တော်ဝင်မှော်စွမ်းအားတွေနဲ့ သူ့ချစ်သူ Lancelot ရှိရာ Land of Dawn ကို လိုက်လာပါတော့တယ် …..။
     Hero Passive Skill – Spell တစ်ခု သုံးပြီးတိုင်းမှာ ရန်သူကို ဒီအတိုင်း Physical တစ်ချက် ပစ်ရုံနဲ့ 144-200 ရှိတဲ့ Mgaic Damage ရန်သူကို အနားက နောက်ထပ် ရန်သူ သို့မပာုတ် Creep ကောင်လေးတွေ ရှိနေရင် ပြန်ခုန်ပြီးထိနေမှာ ဖြစ်ပါတယ်….။ လမ်းပေါ်မှာ လမ်းထိန်းဖို့အတွက် ကောင်းတဲ့ မူလ Skill တစ်ခုလည်းဖြစ်ပါတယ်….။

     Hero First Skill - ရန်သူဆီကို ငန်းပုံစံ မှော်ပညာနဲ့ ပစ်ထည့်လိုက်မှာဖြစ်ပါတယ် … ထိတဲ့ရန်သူကို 250/300/350/400/450/500 points အသီးသီး Level အလိုက် Mgaic Damage ထိမှာဖြစ်ပါတယ်... ။ ထိတဲ့ရန်သူကို ၂ စက္ကန့်လောက်လည်း နှေးသွားစေမှာဖြစ်ပါတယ်…။

        Hero Second Skill - ရန်သူဆီကို 200/230/260/290/320/350 points Magic Damage ရှိတဲ့ Energy Ball တစ်လုံးပစ်လိုက်မှာဖြစ်ပါတယ် …။ ထူးခြားတာကတော့တိုက်ရိုက် အထိခံရတဲ့ ရန်သူအပြင် ဘယ်ညာခွဲထွက်ပြီး ထိမယ့် Energy Ball တွေက ရန်သူတွေကို တစ်က္ကန့်လောက် လှုပ်မရအောင် ချုပ်ထားမှာလည်းဖြစ်ပါတယ်….။

     Hero Ultimate Skill -  မိန်းမလှလေး အိုဒက်ရဲ့ စွမ်းအားပြင်းတဲ့ သီချင်းဆိုသံပေါ့ဗျာ….. အိုဒက်အနီးတစ်ဝိုက် ကို 200/250/300  points Magic Damage တွေထိမှာဖြစ်ပြီးတော့ ၂ စက္ကန့်  လောက် ပုံမှန်ထက် 30% နှေးကွေးစေမှာလည်းဖြစ်ပါတယ် …။ တော်ရုံဆို ပြန်ထွက်ပြေးရင်းနဲ့ သွေးတွေလျော့နေမှာပေါ့ဗျာ …။
          Emblem & Equipment – Magic  Emblem ဒါမှမပာုတ် Magic Assassin Emblem ကို ပဲအသုံးပြုရ မှာပါ ...ကျန်တာကတော့ ကိုယ်ကြိုက်သလို ပဲ ရွေးယူလို့ရတယ်ဗျ…..။ Item ကတော့ မှော်ဆရာလည်းဖြစ်တော့ CD လျော့ပေးတာ လေးတွေ ထည့်စပ်ကြည့်တာကောင်းတယ်ဗျ ...။ အက်မင်က မှော်ဆရာ အမျိုးအစားဆို Support ပေးပြီး လိုက်ချပေးတာ ကြိုက်တော့ Burst Damage Item တွေကို အားမပေးဘူးဗျ .... အက်မင်ပြောနေကျ စကားပဲပြောပါရစေ ... အဆင်ပြေတာ ကို စမ်းဆော့ကြည့်ပြီး အကောင်းဆုံး Item နဲ့ပဲ အမြဲဆော့ကြည့်ကြပါ..။
         Battle Spell- Battle Spell အနေ့ နဲ့ Blink ခုန်တာ ပဲ ကြိုက်တယ် …။ အက်မင်ကတော့ အခြေအနေကြည့်ပြီး ရန်သူအုပ်ထဲခုန်ဝင်ရင် ဝင်ပစ်တာ….Savage ရတတ်တယ် တခါတလေ … ။

        နောက်ဆုံးမှာတော့ မိန်းမလှလေး အိုဒက်အကြောင်းဖတ်ရင်းနဲ့ နည်းနည်း သိလောက်ပြီဆိုတော့.. Skill အသုံးပြုပုံလေးပါ အပိုထပ်ဆောင်း Guide လုပ်ပေးချင်ပါတယ်...။




 Skill Combo -  ပထမ Skill နဲ့ ရန်သူကို နှေးသွားပါစေ … ပြီးတာနဲ့ ဒုတိယ Skill နဲ့ ရန်သူကို ချုပ်ပြီး ကိုယ်တိုင် အနားကပ်ပြီး Ultimate သုံး အသံနဲ့ နှိပ်စက်ရုံပါပဲ … ထွက်ပြေးတယ်ဆိုရင် Blinkနဲ့ ထပ်ခုန်ပြီး ထပ်နှိပ်စက်လို့ရပါတယ်….။

     နောက်များမှာလည်း Mobile Legend ထဲ က Hero တွေကို အခုလို Complete Guide လေးလုပ်ပေးအုန်းမှာဆိုတော့ ဘော်ဒါတွေ Like & Share လေးလုပ်ပေးကြပါအုန်းလို့ အက်မင်က တောင်းဆိုလိုက်ပါတယ်....။



Comments