ကျွန်တော်တို့ Rampage Game World အနေနဲ့ ထပ်မံ Guide လုပ်ပေးမဲ့ Hero ကတော့ Tank (အမာကောင်) အမျိုးအစား Super Ganker ကားသမားကြီး "Johnson(ဂျွန်ဆင်) " ပဲဖြစ်ပါတယ်...
Background Story - ကားမောင်းပြိုင်ပွဲတစ်ခုမှာ ပြိုင်ကားမောင်းသများအဖြစ် ပါဝင်ယှဉ်ပြိုင်နေတဲ့ ကားသမားကြီး ဂျွန်ဆင်တစ်ယောက် ကလေးမလေးတစ်ဦးကို တိုက်မိ မလိုဖြစ်ပြီး ရှောင်တိမ်းရာမှ ကားအက်ဆီးဒင့်ဖြစ်ခဲ့ပါတယ်..ရုတ်ခြည်းဆိုသလိုထူးထူးဆန်းဆန်း တွေကားအက်ဆီးဒင့်ဖြစ် ပွားရာနေရာမှာ ဖြစ်ပွားခဲ့ပြီး ကားသမားကြီးဂျွန်ဆင် ရဲ့ခန္တာကိုယ်ပာာ သူမောင်းနေတဲ့ ပြိုင်ကားနဲ့ ပေါင်းစပ်ပြီးတော့ကားအသွင်ပြောင်းလို့ရတဲ့လူတစ်ပိုင်းကားတစ်ပိုင်းကားသမားကြီးဂျွန်ဆင်ဖြစ် သွားခဲ့ပါတော့တယ်…..။Hero Remark - ကားသမားကြီးဂျွန်ဆင်ဖြစ်တဲ့အတိုင်း ကားမောင်းကျွမ်းကျင်အောင် ဘော်ဒါတွေ အရင်ကျင့်ရမယ်ဗျ..ကျန်တာက အမာကောင်တွေ ထုံးစံအတိုင်း အရှေ့က မားမားမတ်မတ် ချပေးရင်ရပါပြီ…။
Hero Skill ယူနည်း- .ပထမ Skill ကိုပဲ အဓိကထားယူလိုက်ရင်အဆင်ပြေပါတယ်.. ရန်သူကိုလည်း မူးတယ် အထိနာစေတယ်...ကျန်တာကို တော့ အောက်မှာ ဆက်ရှင်းပြပေး ထားပါတယ်..။
Hero Passive Skill - Passive Skill အကြောင်းစပြောရရင် ကားသမားကြီးရဲ့သွေးလက်ကျန်က ၃၀ ရာခိုင်နှုန်းပဲကျန်ပြီးလျော့သွားမယ်ဆိုရင် Shield အကာအကွယ် ပေါ်လာမှာပဲ ဖြစ်ပါတယ်…အက်မင်တို့ ဆော့ရင် စိတ်အပျက်ရဆုံးအမာကောင် ကြီးဖြစ်စေတဲ့အကြောင်းအရင်းထဲက တစ်ခုပေ့ါဗျာ…။
Hero First Skill - ရန်သူဆီကို ဂွကြီးတစ်ချောင်းပစ်ထည့်လိုက်မှာဖြစ်ပါတယ် … ထိတဲ့ရန်သူကို မူးစေမှာဖြစ်ပြီး 200/230/260/290/320/350 points အသီးသီး Level အလိုက် Magic Damage ထိမှာဖြစ်ပါတယ်....။ ဘော်ဒါတွေ ဂွချိန်ပစ်ဖို့ပဲလိုပါတယ်....။
Hero Second Skill - ကားဘန်ဘာ ကြီးကို ဒိုင်းလိုကာပြီးရန်သူတွေကို 80/95/110/125/140/155 points Magic Damage ထိပြီးနှေးကွေးသွားစေမှာဖြစ်ပါတယ် … ထူးခြားတာက First Skill ဂွကြီးကို လည်း် ဒီ Second Skill ဖွင့်ထားတုန်း အသုံးပြုလို့ရပါတယ်…။
Hero Ultimate Skill - ဒါကတော့ အားလုံးအကြိုက်ကားနဲ့တိုက်ပစ်ရတဲ့ Skill ပေါ့ … ကားတိုက်ခံရတဲ့အခါ မူးသွားပြီးတော့ 300/450/600-750/1125/1500 points Magic Damage ထိမှာပြီးကားမောင်းထားတဲ့အရှိန်ပေါ်မူတည်တယ်ဆိုတော့ကားပတ်မောင်းတာကလည်း အရေးပါ ပါတယ်….. 80/100/120 points နှေးစေတဲ့ Magic Damage ကလည်း ကားတိုက်တဲ့ နေရာမှာ ပြန့်ကျဲသက်ရောက်မှာဖြစ်ပါတယ်…..ဒီကားမောင်းတဲ့အချိန် အမြန် မောင်းနဲ့ ဘရိတ်တွေလည်း ပေါ်လာမှာဖြစ်လို့ ကားမောင်းတတ်ဖို့ကအရေးကြီးပါတယ်..။ သတိထားရမယ့်အချက်က တော့ ကားနဲ့ တိုက်သတ်တာက ကားသမားကြီး ဂျွန်ဆင်ရဲ့ Trump Card ဖြစ်တာကြောင်း သုံးခွင့်ရတိုင်းမှာ Teammate တစ်ယောက်ယောက်နဲ့ အတူပတ်မောင်းပြီး တိုက်သတ်ရမှာပဲ ဖြစ်ပါတယ် ။ …. လမ်းပေါ် ကျွံနေမယ့် အပစ်ကောင်တွေ မှော်ဆရာတွေ အတွက်တော့ အိမ်မက်ဆိုးကြီးပေါ့ဗျာ….။
Emblem & Equipment – Tank Emblem ကို ပဲအသုံးပြုရမှာပါ ...အပေါ်မှာတော့နှစ်မျိုးရှိတယ်ဗျ ... ကြိုက်နှစ်သက်ရာပေါ့ဗျာ...ပထမတစ်ခု က သွေးတက်တာပြန်ပြန်ပြီးတော့.... ဒုတိယကတော့ သွေးပမာဏများသွားတာ.....။ Equipment ကတော့ အပေါ်ကပြထားတဲ့အတိုင်းဆက်လည်း ရသလို Blade Armor ကိုယ့်ကို ချရင်သူ့ကို ပြန်ထိ တဲ့ Item ပဲ ထိုင်ဆက်ကြတာလည်းရှိပါတယ်...။ဒါလည်း အက်မင်ပြောနေကျစကားအရဆို ကိုယ်ကစားလို့ အဆင်ပြေတဲ့ Item သာဆက်ဖို့အကြံပေးချင်ပါတယ်...။
Battle Spell- Battle Spell အနေ့ နဲ့ Blink ခုန်တာ နဲ့ အနားကရန်သူကို ခဲသွားစေတဲ့ Spell တွေကပိုသင့်တော်ပါတယ်..အက်မင်ကတော့ ခဲတာ ပဲ ကြိုက်တယ်…အမာကောင်ဆိုတော့ ထွက်ပြေးတာထက် အသေခံပြီးချပေးတာပိုကောင်းပါတယ်…..။
နောက်ဆုံးမှာတော့ ကားသမားကြီးဂျွန်ဆင်အကြောင်းဖတ်ရင်းနဲ့ နည်းနည်း သိလောက်ပြီဆိုတော့.. Skill အသုံးပြုပုံလေးပါ အပိုထပ်ဆောင်း Guide လုပ်ပေးချင်ပါတယ်...။
နောက်ဆုံးမှာတော့ ကားသမားကြီးဂျွန်ဆင်အကြောင်းဖတ်ရင်းနဲ့ နည်းနည်း သိလောက်ပြီဆိုတော့.. Skill အသုံးပြုပုံလေးပါ အပိုထပ်ဆောင်း Guide လုပ်ပေးချင်ပါတယ်...။
Skill Combo - ကားမောင်းတဲ့ Ultimate Skill ကိုဖွင့် ပါ ပြီးရင်တော့ ကားပတ်မောင်းပြီး အရှိန်ရတဲ့အချိန်မှာ ပစ်တိုက်ပစ်လိုက်ပါ..တိုက်မိပြီးတော့ မူးနေတဲ့အချိန်မှာမှ Second Skill ဒိုင်းကားနဲ့ ထပ်နှေးစေမယ်ဆို တော်ရုံရန်သူ အမာကောင်ကလွဲပြီး အကုန် ပြေးဖို့ခက်သွားပါလိမ့်မယ်…ပြေးဖို့ ပြင်နေတဲ့ ကောင်တွေကိုလည်း First Skill ဂွကြီးကိုင်ပြီး အေးဆေးမှ ပစ်ပေါက်လိုက်ရင်ပွဲသိမ်းပါပဲ …ကိုယ့် Teammate တကောင်ကောင်ပါမယ် ဆိုရင်တော့ ပိုသေချာတာပေါ့ဗျာ….Super Ganker ကြီးဂျွန်ဆင် (Johnson) လို့ပြောလို့ရပါတယ်….။နောက်များမှာလည်း Mobile Legend ထဲ က Hero တွေကို အခုလို Complete Guide လေးလုပ်ပေးအုန်းမှာဆိုတော့ ဘော်ဒါတွေ Like & Share လေးလုပ်ပေးကြပါအုန်းလို့ အက်မင်က တောင်းဆိုလိုက်ပါတယ်....။





Comments
Post a Comment